Showing posts with label သတင်း. Show all posts
မြန်မာနိုင်ငံတွင် အင်တာနက် အမြန်နှုန်း အဆ ၂၀ အထိ တိုးမြှင့်ပေးမည်ဟုဆို
Monday, February 23, 2009

မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် အင်တာနက် အမြန်နှုန်းမှာ နှေးကွေးနေသည့်အတွက် လာမည့် မေလတွင် အဆ ၂၀ အထိ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားခဲ့သည်ဟု အပတ်စဉ်ထုတ် ပြည်တွင်းစာစောင် တစ်ခုဖြစ်သည့် The Voice Weekly တွင် ဖော်ပြပါရှိသည်။
ရန်ကုန်မြို့ Myanmar Info-Tech တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာ ကော်ပိုရေးရှင်း လီမိတက်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ယခုအခါ Fiber Optic Cables များ လွှမ်းခြုံထားပြီး ဖြစ်သည့်အတွက် အင်တာနက် အမြန်နှုန်းအား လက်ရှိ အသုံးပြုနေသည့် 512MB မှ 10 GB အထိ ၂၀၀၉ ခုနှစ် မေလတွင် တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အင်တာနက်၊ အီးမေးလ်စနစ်ကို ၂၀၀၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကာ ထိုနှစ်တွင်ပင် Bagan Cybertech (ယခု Myanmar Teleport) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ကာ အများပြည်သူတို့ အသုံးပြုနိုင်ရန် အင်တာနက် စနစ်ကို ရောင်းချ၍ ၀န်ဆောင်မှု ပေးခဲ့သည်ဟု သိရသည်။
Source: The Voice Weekly
Photo: www.myanmar.gov.mm
Posted in သတင်း by Unknown | 0 comments
Email this post
Subscribe to:
Posts (Atom)

