၁၁ နှစ်ကြာ မြန်မာ့အင်တာနက် ခရီးကြမ်း  

Saturday, December 12, 2009

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဒီဇင်ဘာလ 11 ရက် 2009 ခုနှစ် 17 နာရီ 12 မိနစ်

ရန်ကုန်။ ။ မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင် ရောင်းချပေးခဲ့။

ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှားသည့် ပြင်ပစီးပွားရေးလုပ်ငန်း အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏ mpt mail ကို အသုံးပြုလာခဲ့သည်။

အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့။

၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mptmail ကို အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ ၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု အမျိုးအစားမှာ dail up connection ဖြစ်သည်။

၂၀၀၀ ခုနှစ်အတွင်း ဥရောပအာရှ ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားသည့်အတွက် မြန်မာ့ဆက်သွယ်ရေးသည် ပိုမိုကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စီစဉ်ခဲ့။

၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မြန်မာအများစု အသုံးပြုနိုင်သည့် အင်ထရာနက်ဖြင့် မြန်မာဝဘ်ဆိုဒ်များ ပေါ်ပေါက်လာပြီး အင်ဖိုရီသမ် အမည်ရှိ ပုဂ္ဂလိက လုပ်ငန်းတခုမှ အများပြည်သူများအတွက် အင်ထရာနက်လိုင်းများကို စတင်ရောင်းချပေးခဲ့သည်။ အသုံးပြုသည့် အင်တာနက် ဆက်သွယ်မှုမှာ dail-up connection ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် တလလျှင် ကျပ် ၅၀၀၀၊ ၃၀၀၀ ဖြစ်ပြီး စတင်တပ်ဆင်ကြေးအဖြစ် ၅၀၀၀ဝ ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် တခုတည်းနှင့် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။

www.bagan.net.mm သည် bagan cyber tech မှတင်ဆက်သည့် ပထမဆုံး မြန်မာ portal site တခုဖြစ်ပြီး နောက်ပိုင်းတွင် bagan forum နှင့် Yangon chat သည် အလွန်အောင်မြင်ခဲ့သည့် ဝန်ဆောင်မှုများဖြစ်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် dail-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ ထည့်သွင်းရောင်းချခဲ့သော်လည်း ပုဂံဆိုက်ဘာတက်၏ broadband သည် ပြည်တွင်း အင်တာနက်အသုံးပြုသူများအကြား ထင်ရှားစွာ ရောင်းချရသည့် ဝန်ဆောင်မှုတခု ဖြစ်ခဲ့သည်။ ပုဂံဆိုက်ဘာတက်သည် Access kid ဟုခေါ်သည့် dail-up စနစ်သုံး Prepaid card များကို ထုတ်လုပ်ရောင်းချပေးခဲ့ပြီး ၁၅ နာရီ၊ နာရီ ၃ဝ ၊ နာရီ ၆ဝ သုံးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။

ဒီဂျီတယ် တယ်လီဖုန်းလိုင်းများ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်တပ်ဆင်ပြီးစီးနေသဖြင့် ရန်ကုန်နှင့် မန်း အင်တာနက် အသုံးပြုသူများသည် ကနဦး တပ်ဆင်ခ ကုန်ကျရန်မရှိဘဲ ဈေးနှုန်းသက်သာသည့် အဆိုပါ Access kid များကို အများအပြား ဝယ်ယူအသုံးပြုခဲ့ကြသည်။

Access kid များ၏ ဈေးနှုန်းသည် ၁၅ နာရီ ၈၀၀၀ ကျပ်၊ နာရီ ၃ဝ အတွက် ၁၅၀၀၀ ကျပ်၊ နာရီ ၆ဝ အတွက် ၃၀၀၀ဝ ကျပ် ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်း Broadband ဝန်ဆောင်မှုများအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် မြန်မာကျပ်ငွေ ၂၅ သိန်းရှိခဲ့ပြီး MPT မှရော bangan cyber tech မှပါ ထိုဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

Bagan cyber tech သည် ၂၀၀၃ ခုနှစ်အတွင်းမှပင် IP-star အင်တာနက် ဆက်သွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သည်။ ကနဦးတပ်ဆင်ကြေး မြင့်မားသော်လည်း ဝန်ဆောင်မှု ကောင်းမွန်ပြီး နေရာအနှံအပြားတွင် အသုံးပြုနိုင်မှုကြောင့် ရေလုပ်ငန်းရှင်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းကြီးမျာကပါ စိတ်ဝင်တစားဖြစ်ခဲ့သည်။

ဝယ်ယူအသုံးပြုသူ အများစုသည် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သော ပုဂ္ဂလိကပိုင် bagan cyber tech မှ broadband ဝန်ဆောင်မှုကို ပိုမိုဝယ်ယူအသုံးပြုခဲ့ကြသည်။

၂၀၀၄ ခုနှစ်တွင် MPT မှ ADSL ဝန်ဆောင်မှုဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်နှုန်းမြင့် အဆိုပါ ADSL လိုင်းသည် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်ကြောင်း ကြေညာပေးခဲ့သည်။

Bagan cyber tech မှလည်း မကြာခင်အတွင်း ADSL လိုင်းများကို စတင်ရောင်းချပေးလာခဲ့ပြီး ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် ၂၅ သိန်းဖြစ်ပြီး တယ်လီဖုန်းလိုင်းလို အပ်မှုများအတွက်ပါ ဝန်ဆောင်မှုပေးခဲ့သည်။

လစဉ်ကြေးပိုမို သက်သာပြီး အင်တာနက်မြန်နှုန်း မြင့်မားလာသဖြင့် ရန်ကုန်မြို့ပေါ်တွင် inter café များ အများအပြား ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့အင်တာနက် အသုံးပြုသူများ ပိုမိုတိုးတက်များပြားလာခဲ့သည်။

Bangn cyber tech သည် အင်တာနက်မေး ဝန်ဆောင်မှုအဖြစ် တနှစ်လျှင် ကျပ် ၈၀၀၀ ကျပ်ဖြင့် ရောင်းချသည့် @mail4u.net.mm ကို မိတ်ဆက်ရောင်းချပေးခဲ့သော်လည်း ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။

၂၀၀၆ ခုနှစ်တွင် bagan cyber tech သည် မူလပိုင်ရှင်ဖြစ်သူထံမှ အစိုးရသို့ လွှဲပေးခဲ့ရပြီး အစိုးရတပိုင်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ bagan cyber tech သည် Myanmar Tele port အမည်ဖြင့် ပြောင်းလဲသွားပြီး ၎င်း၏ ဝန်ဆောင်မှုများသည် တစထက်တစ ညံ့လာခဲ့သည်။

၂၀၀၇ ခုနှစ်သည် မြန်မာတနိုင်ငံလုံးတွင် ADSL အသုံးပြုနိုင်သော မြို့ပေါင်း ၃ဝ ရှိလာသည့်အတွက် ထိုနှစ်အတွင်း အင်တာနက်ကဖေးများ အများဆုံး ဖွင့်လှစ်လာနိုင်ခဲ့သည်။

အင်တာနက်ဝန်ဆောင်မှု အသုံးပြုလိုသူများသည် MPT ထံမှသာ ချိတ်ဆက်ဝယ်ယူလာကြပြီး MPT ၏ ဝန်ဆောင်မှုနှင့် အင်တာနက် မြန်နှုန်းများလည်း ပိုမိုမြင့်မားလာခဲ့သည်။

၂၀၀၇ အတွင်းမှာပင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ISP များဖြစ်ကြသည့် MPT နှင့် Myanmar tele-port သည် အင်တာနက် website အများအပြားကို ပိုမိုပိတ်ဆို့လာခဲ့သဖြင့် အင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။ Yadanarpon tele port အမည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အများပြည်သူပိုင် အမည်ခံထားသော လုပ်ငန်းတခု စတင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အင်တာနက် ကဖေးများ တိုးတက်မှု ပြန်လည်နှေးကွေးလာခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း အင်တာနက်အသုံးပြုသူ အများဆုံး တိုးတက်လာခဲ့သည်။ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး ၃၆ မြို့သည် ADSL လိုင်း အသုံးပြုနိုင်ကြောင်း MPT က ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် bagan cyber tech သည် မြန်မာ့ဆက်သွယ်ရေး MPT အောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး ဝန်ဆောင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများ အားလုံးကို MPT ကသာ တိုက်ရိုက်ကိုင်တွယ်လာခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပုဂ္ဂလိက အင်တာနက်ဝန်ဆောင်မှုဟု ခေါ်ဆိုနိုင်သည့် Red-link လုပ်ငန်းစုသည် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မျိုးဆက်သစ် broadband ဝန်ဆောင်မှုတခုအဖြစ် Wi-max အင်တာနက် connection ကို စတင်ရောင်းချပေးလာခဲ့သည့် ပြင်ပလုပ်ငန်း ဖြစ်လာသည်။ Wi-max ကို Myanmar tele-port မှ အပြင် MPT မှပါ ရောင်းချနေခဲ့သော်လည်း လူအများစုသည် Red-link မှသာ ဝယ်ယူအသုံးပြုခဲ့သည်။ ထိုဝန်ဆောင်မှု၏ ဈေးနှုန်းသည် ကနဦးတပ်ဆင်ကြေး $1800 ဖြစ်ပြီး လစဉ်ကြေးမှာ ဝန်ဆောင်မှုအလိုက် $35 မှ $135 ထိရှိသည်။ Red-link သည် ဝန်ဆောင်မှုရောင်းချခြင်း၊ ပစ္စည်းတပ်ဆင်ပြုပြင်ခြင်းနှင့် connection ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့်ရရှိပြီး gateway ကဲ့သို့ server များဖြင့် အင်တာနက်သို့ အပြီးသတ် ချိတ်ဆက်မှုများကို MPT မှပင် လုပ်ကိုင်ဆောင်ရွက်သည်။

၂၀၀၉ ခုနှစ်အစပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်မှုသည် လုံးဝရပ်ဆိုင်းတော့မတတ် ဖြစ်လာခဲ့ပြီး ကွန်ပြူတာဈေးနှုန်းများ ကျဆင်းနေသည့်ကြားမှာပင် အင်တာနက်ကဖေးများသည် ညံ့ဖြင်းသည့် အင်တာနက် ကော်နက်ရှင်ကြောင့်လည်းကောင်း၊ များပြားလာသော အင်တာနက်ကဖေးများကြောင့်လည်းကောင်း ဈေးကွက်ဝေစု မမျှတခြင်းကြောင့်လည်းကောင်း တိုးချဲ့ဖွင့်လှစ်မှုများ မရှိသလောက် နှေးကွေးသွားခဲ့သည်။

အများစုသည် ADSL လိုင်းကို ချိတ်ဆက်ထားပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ Wi-max လိုင်းကို ချိတ်ဆက် အသုံးပြုလာကြသည်။ ထို့ကြောင့် ADSL အသုံးပြုသူများအနေဖြင့် များပြားလှတဲ့ အသုံးပြုသူများကြောင့် ကော်နက်ရှင် ကျပ်တည်းမှုကို ရင်ဆိုင်ရပြီး ISP များအနေဖြင့် လိုင်းအားတိုးချဲ့မှုများ မရှိသဖြင့် ရန်ကုန်မြို့ပေါ်ရှိ အင်တာနက်ကဖေးများ အနေဖြင့် ADSL လိုင်းအပြင် broadband နည်းပညာအသစ်ဖြစ်တဲ့ Wi-max ကို ဆက်လက်ချိတ်ဆက်ကာ မိမိတို့ဆိုင်၏ အင်တာနက် ဝန်ဆောင်မှု စွမ်းအားကို ဆက်လက်ကျားကန်နေရသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း - အင်တာနက် ကော်နက်ရှင် နှေးကွေးလာခြင်းတို့က စားသုံးသူများကို ကြာရှည်မထိန်းထားနိုင်တဲ့အတွက် အင်တာနက် ကဖေးများသည် ဝင်ငွေကျဆင်းမှုဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာတွင် Red-link အနေဖြင့် ငွေကြိုသွင်းစနစ်သုံး wi-fi ကွန်ယက်ကို ရန်ကုန်မြို့အထင်ကရ နေရာ ၈ ခုတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး www.enjoy.net.mm အမည်ဖြင့် portal site တခုကိုလည်း လွှင့်တင်သွားမည်ဖြစ်သည်။

၂၀၀၉ ခုနှစ် ၆ လပိုင်းနောက်ပိုင်းအထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် Myanmar tele-port ထံမှ ADSL တပ်ဆင်ကြေးသည် $ 2000 ကျော်ထိရှိနေပြီး ၊ IP-star သည် အရောင်းအဝယ် မရှိသလောက် နှေးကွေးနေသော်လည်း ကာလပေါက်ဈေး သိန်း ၅ဝ နီးပါး ရှိသည်။ Wi-max ပေါက်ဈေးသည် $1800 ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် နိုင်ငံအနှံ့ မြို့ကြီး ၃၆ မြို့အထိ ADSL အသုံးပြုနေနိုင်ပြီဖြစ်သော်လည်း ရန်ကုန် ၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်တို့သာ အင်တာနက်အသုံးပြုသူများပြားပြီး အခြားမြို့ကြီးများဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ တောင်ငူနှင့် နေပြည်တော်တို့မှာ အင်တာနက် အသုံးပြုမှု နည်းပါးတာတွေ့ရသည်။ အလွတ်သဘော စစ်တမ်းများအရ ၂၀၀၈ ခုနှစ်ထိ မြန်မာအင်တာနက် အသုံးပြုသူ အရေအတွက်အနေဖြင့် ဒေသတွင်းနိုင်ငံများအောက် များစွာ ကျဆင်းနေဆဲဖြစ်ပြီး၊ အများစုသည် ရန်ကုန်မှတဆင့် အသုံးပြုကြသူများဖြစ်သည်။ ရန်ကုန်သည် မြန်မာအင်တာနက် သုံးစွဲသူများ၏ ၈၅ % ကို ပိုင်ဆိုင်ထားပြီး အင်တာနက်ကဖေး အများဆုံးရှိသော မြို့လည်း ဖြစ်၏။ ရန်ကုန်မြို့ပေါ်တွင် တရားဝင်စာရင်းအရ ဆိုက်ဘာ ကဖေးပေါင်း ၃၅ဝ ရှိပြီး ဒီထက်ပိုများပြားနိုင်ပါသည်။

မြန်မာနိုင်ငံတခုလုံး၏ အင်တာနက် ရရှိမှုနှုန်းသည် စုစုပေါင်း 7.8 Gps ရှိပြီး ၂၅ % ကိုသာ ပြည်တွင်း သုံးစွဲမှုအတွက် အသုံးပြုထားပါသည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနများ အားလုံး ဖိုက်ဘာကြိုး တိုက်ရိုက်ထားရှိသုံးစွဲပြီး ရန်ကုန်-နေပြည်တော် VOIP သုံးစွဲနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၀၉ ခုနှစ်နောက်ဆုံး လများအတွင်း MPT မှ ရန်ကုန်မြို့တွင်း ဖိုက်ဘာ တိုက်ရိုက် အင်တာနက်ဆက်သွယ်မှုများကို တပ်ဆင်ပေးနေပြီး ကနဦးတပ်ဆင်စရိတ် $2500 ဖြစ်ပြီး လစဉ်ကြေး $500 ဖြစ်နေတာကြောင့် ပြင်ပအသုံးပြုမှုများ နည်းနေပြီး စီးပွားရေးလုပ်ငန်းကြီးအချို့သာ ချိတ်ဆက်အသုံးပြုကြောင်း တွေ့ရသည်။

လက်ရှိအချိန်ထိ တရားဝင် အင်တာနက် ဝန်ဆောင်မှုများအတွက် ပေးထားသော ကွန်နက်ရှင် အမြန်နှုန်းများမှာ
1။ 128kbs (home)
2. 256kbs (office)
3. 512kbs (Biz)
4. 1Mbs (လက်ရှိအချိန်တွင် ရန်ကုန်မြို့ပေါ်တွင်သာ အသုံးပြုနိုင်ပြီး ခွင့်ပြုမှု အလွန်နည်းပါး)

မြန်မာ့တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု

တကယ်တော့ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဆောင်ရွက်မှုများအားလုံးသည် မြန်မာ့ဆက်သွယ်ရေး (MPT) လက်အောက်မှ လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ တယ်လီဖုန်းဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေးမှသာ တိုက်ရိုက်ကိုင်တွယ်ထားသော လုပ်ငန်းတခုဖြစ်သည်။ နိုင်ငံတနံတလျားရှိ တယ်လီဖုန်းဆက်သွယ်မှုများ အင်တာနက် ဝန်ဆောင်မှုများအတွက် ရောင်းချမှုနှင့် ပြုပြင်ထိန်းသိမ်းမှု အားလုံးကို အစိုးရ အသိအမှတ်ပြု မြန်မာ့ဆက်သွယ်ရေးကသာ ပြုပြင်ထိန်းသိမ်းခန့်ထားဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ထားရှိသည်။ အကြမ်းအားဖြင့် နှစ်ပေါင်း ၂ဝ အတွင်း မြန်မာ့ဆက်သွယ်ရေးသည် စီမံကိန်းများစွာဖြင့် တပြည်လုံးရှိ ဆက်သွယ်ရေး ကွန်ယက်ကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်မှုများ လုပ်ခဲ့ပါသည်။ တယ်လီဖုန်းလိုင်းပေါင်း တသိန်းခန့်ကို ထိန်းသိမ်းဆောင်ရွက်နေရာမှ ၂၀၀၈ ခုနှစ်မှာ တယ်လီဖုန်းတပ်ဆင်မှုဟာ တနိုင်ငံလုံးမှာ တသန်းနီးပါး ရှိလာပြီဖြစ်သည်။ သို့သော်လည်း လိုင်းဖုံးချထားပေးမှုသည် ၂၀၀၉ ခုနှစ်ထိ ၂ % သာ တိုးတက်မှု ရှိသည်။ တယ်လီဖုန်းလိုင်း လျှောက်ထားပြီး စောင့်စားနေသူများ အများအပြားရှိနေခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခုထက်ပိုမိုသည့် လိုင်များ ဆက်လက်ချထားပေးရန် လိုနေပါသေးသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းဖုံးအရေအတွက် အများအပြားကို ချထားပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် လိုင်းပေါင်း ၅ သိန်းခန့် ဆက်လက်တိုးချဲ့ရန် ရှိနေကြောင်း သိရသည်။ အဲဒီလုပ်ငန်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ သန်းပေါင်းများစွာခန့်ရှိပြီး ထိုငွေများ ရရှိရန် အတော်လေး ခက်ခဲနေသေးသည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသော်လည်း ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ပေါ်လစီအရ ဤသည်မှာ ကန့်သတ်မှုများ ရှိနေသဖြင့် ထင်ထားသလောက် တိုးတက်မှု ရှိမလာကြောင်း ဒေသတွင်း နိုင်ငံများ၏ ဆက်သွယ်ရေး ဖွံဖြိုးမှုများကိုကြည့်ပြီး သိနိုင်ပါသည်။ လက်ရှိအနေဖြင့် ပြည်တွင်းမှာ လက်ရှိအသုံးပြုနေသည့် ဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုမှ ရရှိမှုသည် တနှစ်လျှင် ဒေါ်လာ ၆ သန်းခန့် ရရှိနေပြီး တိုင်းပြည်အတွက် ဝင်ငွေများစွာ ရှာပေးနိုင်သည့် လုပ်ငန်းတခုအဖြစ် ဆက်သွယ်ရေးလုပ်ငန်းသည် တည်ရှိနေသည်ကိုလည်း အားလုံးနားလည်နိုင်ကြသည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၈ ခုနှစ်ထိ ကျေးရွာပေါင်း ၆၀၀၀ ခန့်သာ တယ်လီဖုန်းလိုင်းတပ်ဆင်ရန် ကျန်ရှိနေသည်။ မိုက်ခရိုဝေ့ ဆက်ကြောင်းများစွာကို ဆက်လက်တည်ဆောက်ပေးနေပြီး မိုဘိုင်းကွန်ယက်ကို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည်ကို တွေ့နိုင်သည်။ ရန်ကုန်မြို့ပေါ်မှာ ယနေ့အထိ တည်ဆောက်ပြီးစီးသည့် မိုဘိုင်းဆက်ကြောင်း စခန်းပေါင်း ၃ဝ နီးပါး ရှိနေပြီဖြစ်သည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ဂြိုဟ်တုဆက်ကြောင်းများ မိုက်ခရိုဝေ့ ဆက်ကြောင်းများနှင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်အောင် ဆောင်ရွက်နေကြောင်း အစိုးရမှ ပြောဆိုနေသော်လည်း မိုဘိုင်းတယ်လီဖုန်း ရရှိမှု အချိုးအစားသည် ကန့်သတ်မှုများစွာ အောက်မှာ ရှိနေပြီး အမှန်တကယ် အသုံးလိုသူများသည် မိုဘိုင်းဖုန်းကို တရားဝင် ရရှိရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း ကျဆင်းလာသည့် ပြင်ပမိုဘိုင်းဖုန်း ဈေးနှုန်းများကြောင့် အရောင်းအဝယ်များ ထိုင်းမှိုင်းနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဈေးသက်သည့် မိုဘိုင်းတယ်လီဖုန်း အများအပြားကို MPT ကပဲ ဆက်လက်ရောင်းချပေးခဲ့သည်။ သို့သော်လည်း ဤပစ္စည်းများသည် အမှန်တကယ် အသုံးပြုလိုသူများထံ တိုက်ရိုက်ရောက်ရှိမှု နည်းနေသဖြင့် ပြင်ပဈေးကွက်သည် ပြန်လည်လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း မိုဘိုင်းဖုန်းဈေးနှုန်းသည် အနိမ့်ဆုံးကို ရောက်ရှိကာ WCDMA, CDMA, GSM တို့သည် ဈေးမတိမ်းမယိမ်း အနေအထားရောက်ရှိခဲ့သည်။ cell phone များသည်လည်း ဆက်လက်ထုတ်ပေးခြင်း မရှိတော့သော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေဆဲဖြစ်သည်။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင်တော့ ရန်ကုန်နှင့် မန္တလေး၊ နေပြည်တော်တို့တွင်ပါ အသုံးပြုနိုင်မည်း CDMA များကို ကနဦး ပေးသွင်းငွေ ၅ သိန်းဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုအကြောင်းအရာသည် ယခင်နည်းများအတိုင်း လိုအပ်သူများအတွက် သီးသန့်ဈေးကွက်တခု ပေါ်ပေါက်လာစေမည့် အခွင့်အလမ်းတခုသာ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အမျိုးအစားစုံ မိုဘိုင်းအသုံးပြုသူ အရေအတွက်သည် ၅ သိန်းနီးပါးခန့် ရှိသည်။ လူဦးရေ ၅ သန်းနီးပါးရှိသော ရန်ကုန်မြို့ပေါ်တွင် မိုဘိုင်းလိုင်းပေါင်း ၂ သိန်းကျော်သာရှိသဖြင့် အသုံးပြုသော အရေအတွက် ၃ % ခန့်သာ ရှိသည်။ တကယ်တမ်း ရန်ကုန်မြို့တခုထည်းတင် ဒေသတွင်းနိုင်ငံများအလိုက် ရောင်းချပေးနိုင်သည့် ဈေးနှုန်းများဖြင့် မိုဘိုင်းလိုင်းများကို ဝယ်ယူနိုင်မည်ဆိုပါက အားကောင်းသော ဈေးကွက်တခု ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိအနေဖြင့် GSM prepaid card များကို $10, $20 တို့ဖြင့် ရောင်းချပေးနေသော်လည်း ခေါ်ဆိုစရိတ် ကြီးမြင့်မှုကြောင့် အသုံးပြုမှုအနေဖြင့် ထင်ထားသလောက် တိုးတက်မှု မရှိကြောင်း တွေ့ရသည်။

CDMA $ 50 တန်ကဒ်များကိုလည်း ထုတ်လုပ်ရောင်းချပေးနေပြီး ရန်ကုန်မြို့ပေါ်မှာ အသုံးပြုသည့်အခါ တခါတရံ အခက်အခဲဖြစ်ခြင်း၊ ခေါ်ဆိုခ မြင့်မားနေခြင်း၊ လက်ကိုင်ဟန်းဆက်များ အလွယ်တကူ ဈေးသက်သာစွာ ဝယ်မရခြင်းတွေကြောင့် သူလည်းပဲ ထင်သလောက် ရောင်းချရခြင်းမရှိဖြစ်သည်။ ကောလာဟလများအရ ၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း GSM များကို ငွေကြိုသွင်းကဒ်များအပြင် ပြန်လည်ငွေဖြည့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်းလည်း ထွက်ပေါ်နေသည်။ ၂ဝ၁ဝ ဆန်းပိုင်းမှာ နယ်မြေကန့်သတ်အသုံးပြုနိုင်သည့် CDMA ဖုံးကဒ်များကို အရေအတွက် ကန့်သတ်ရောင်းချတော့မည်ဖြစ်ပြီး ဈေးနှုန်းသည် အစိုးရသွင်းဈေး ၅ သိန်းသာ ရှိသဖြင့် အများစုက စိတ်ဝင်စားနေသော်လည်း အသုံးပြုရန် နေရာဖြစ်သော မြို့နယ်များအပေါ် ကန့်သတ်ထားတာကြောင့် ထင်သလောက် ဝယ်ယူမှု ရှိမရှိဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။ သို့သော်လည်း ရန်ကုန်မြို့ပေါ်တွင် အဆိုပါ ဖုန်းလျှောက်လွှာများ ရောင်းကောင်းနေသည်ကို တွေ့နိုင်သည်။

ဖိုင်ဘာဆက်သွယ်မှု အကြောင်း

မြန်မာနိုင်ငံ၏ အဓိကျသော ဖိုင်ဘာဆက်ကြောင်းကို ကပ္ပလီပင်လယ်ပြင်မှတဆင့် ဆက်သွယ်ပြီး ဧရာဝတီတိုင်း ဖျာပုံမှ ကုန်းတွင်းပိုင်းကို ချိတ်ဆက်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ရန်ကုန်မြစ် ရေအောက်လမ်းကြောင်း ပြန်ဆင်းပြီး ရန်ကုန်ကြည့်မြင်တိုင် ဆိပ်ကမ်းမှတဆင့် ဟံသာဝတီ အိတ်ချိန်းကို ဆက်သွယ်သည်။

ဟံသာဝတီအိတ်ချိန်းသည် မူလက မြန်မာ့ဆက်သွယ်ရေးအတွက် အရေးပါသည့် အင်တာနက် ဆက်သွယ်မှု ဂိတ်တခု ဖြစ်သည်။ ယခုလက်ရှိအထိပါ သုံးစွဲနေဆဲဖြစ်သည်။ မကြာမီအချိန်တွင် ရတာပုံတယ်လီပို့မှတဆင့် ဂိတ်ဝေးတခုကို တည်ဆောက်ပြီး တနိုင်ငံလုံးက အင်တာနက် အထွက်အဝင် အားလုံးကို ထိမ်းချုပ်သွားမည်ဖြစ်သည်။ ဖိုင်ဘာဆက်ကြောင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဆက်သွယ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးသည်။ ထိုကတည်းက တဆက်တည်းမှာပဲ နေပြည်တော် တိုက်ရိုက် ဖိုင်ဘာဆက်ကြောင်းကို ရန်ကုန်-မိတ္ထီလာ-မန္တလေး လမ်းကြောင်းမှ နေပြည်တော် သီးသန့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီး ပြင်ပကုမ္ပဏီတချို့ကို တည်ဆောက်ဆက်သွယ်စေခဲ့သည်။ တပ်မတော် ဆက်သွယ်ရေးတပ်ဖွဲ့ လက်အောက်မှတဆင့် ဆောင်ရွက်ကြရပြီး နည်းပညာပိုင်းကိုသာ အဓိက ပံ့ပိုးစေခဲ့သည်။

အများအားဖြင့် ဝန်ကြီးဌာန ချိတ်ဆက်မှုများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်တွင် ပါဝင်သည့် ကုမ္ပဏီများကသာ ရရှိဆောင်ရွက်ရပြီး မကြာခဏ အပြောင်းအလဲ ရှိသည်။ ဆက်သွယ်ရေး ဝန်ထမ်းများအတွက် နည်းပညာ သင်ကြားမှုကို အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် သွားရောက်စေလွှတ် သင်ကြားစေခဲ့ပြီး ရန်ကုန်မြို့ အောက်ပုဇွန်တောင်ရှိ ဆက်သွယ်ရေး သင်တန်းကျောင်းမှတဆင့် အခြားဝန်ထမ်းများကို လက်ရှိအထိ ပြန်လည်သင်ကြားမှုများကို ဆောင်ရွက်လျက်ရှိသည်။

မူလ ဖိုင်ဘာဆက်ကြောင်း ချိတ်ဆက်စဉ်ကာလအတွင်း နေပြည်တော် ဆက်ကြောင်းများသည် မကြခဏ ပြတ်တောက်မှုများ ရှိခဲ့သည်။ ဖိုင်ဘာဆက်ကြေင်းရှိရာ လယ်ယာမြေများအတွင်း စိုက်ပျိုးမှုများကြောင့် ဖိုက်ဘာကြိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံအချို့ကလည်း ညအခါမှာ လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ဖိုင်ဘာဆက်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ဆက်သွယ်မှု လမ်းကြောင်း လုံခြုံစေရန်အတွက် ဆက်ကြောင်းတလျှောက် မီတာ ၁၀၀ ပတ်ဝန်းကျင်ကို ခြံခတ်ပေးထားပြီး သိမ်းဆည်းလယ်မြေများအတွက် လျော်ကြေးပေးခဲ့သည်။ လိုအပ်သော ဖိုင်ဘာ ဆက်ကြောင်းသုံးပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာများကို ဝယ်ယူရာမှာ Alalibaba.com ကဲ့သို့ အင်တာနက်ဆိုဒ်များပေါ်ကနေ တိုက်ရိုက် မှာယူတင်သွင်းလေ့ရှိပြီး တခါတရံတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်းတချို့က တင်သွင်းခွင့် ရလေ့ရှိသည်။ ဖိုင်ဘာဆက်ကြောင်းများ ပြီးစီးသည့် အချိန်မှစတင်ပြီး ပုဂံ (ယခု Myanmar tele-port) ကနေပြီး မြန်မာ့ဆက်သွယ်ရေးနှင့်အတူ ADSL အင်တာနက် လိုင်းများကို ရောင်းချခွင့်ရှိခဲ့ခြင်း ဖြစ်သည်။

ADSL စတင်ရောင်းချချိန်တွင် ပထမဆုံးသော နည်းပညာများကို ကိုရီးယားနိုင်ငံမှ ရရှိခဲ့ပြီး လိုအပ်သည့် စက်များကိုလည်း တောင်ကိုရီးယားမှတဆင့် တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ရောင်းချသော ADSL2 ဆိုသည်များကို အိန္ဒိယမှ ရရှိသည့် နည်းပညာများဖြင့် ပြောင်းလဲချိတ်ဆက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ထမ်း ၁၀၀ ကျော်ကို အိန္ဒိယတွင် နည်းပညာ သင်ကြားမှုများအတွက် စေလွှတ်ခဲ့သည်။

မြန်မာ-တရုတ် ဖိုင်ဘာအမြန်ဆက်ကြောင်းကို ၂၀၀၉ ခုနှစ်အတွင်း ပြီးစီးခဲ့ပြီး မေမြို့အနီးက ရတနာပုံ ဆိုင်ဘာစီးတီးနှင့် ကူမင်းမြို့ကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့သည်။ မဟာမဲခေါင် ဒေသတွင်းနိုင်ငံများ ဖိုင်ဘာဆက်ကြောင်းအတွက် ရန်ကုန်-သထုံ လမ်းကြောင်းမှ ဘန်ကောက်အထိတခုနှင့် ရန်ကုန်-ချင်းရိုင်ခရိုင်အတွင်း တခုကို ရန်ကုန်-မိထ္တီလာ-နေပြည်တော် ဆက်ကြောင်းက ချိတ်ဆက်ထားခဲ့သည်။ ထိုသို့သော ချိတ်ဆက်မှုများကြောင့် ပြည်တွင်း အင်တာနက် ကော်နက်ရှင်များသည် မြန်ဆန်မှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသော်လည်း ထင်သလောက် မြန်ဆန်မှုမရှိဘဲ ဖြစ်နေဆဲပါ။
မြန်မာ့ဆက်သွယ်ရေးအနေနှင့် ရတနာပုံတယ်လီပို့မှတဆင့် National gateway server တခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ၂ဝ၁ဝ အတွင်းမှာ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု အားလုံး၏ ဝန်ဆောင်မှုများကို အဓိက စုစည်းကိုင်တွယ်သွားဖွယ်ရှိသည်။

အင်တာနက် လုံခြုံရေးနှင့် ပိတ်ဆို့တားဆီးမှုဆိုင်ရာ ဆောင်ရွက်မှုများ

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက် အသုံးပြုမှုများ စတင်ခွင့်ပြုချိန်မှာ ညစ်ညမ်းဆိုဒ်တချို့နှင့် နိုင်ငံရေး ဆိုဒ်တချို့ကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အခြားသော အင်တာနက် အသုံးပြုမှုဆိုင်ရာ တင်းကျပ်မှုများကို ၂၀၀၂ ခုနှစ်အတွင်းမှာပင် လျှော့ချပေးခဲ့သည်။ အင်တာနက်ဆိုင်တချို့ ပေါ်ပေါက်လာသည့် ၂၀၀၁ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ပြမှသာ အင်တာနက်အသုံးပြုခွင့် ရရှိခဲ့ရာမှ ၂၀၀၃ ခုနှစ်မှစတင်၍ ထိုသို့ အသုံးပြုသူများအပေါ် ပိတ်ပင်မှုများ လျှော့ချပေးခဲ့သည်။ ပုဂံဆိုက်ဘာတက် ပေါ်ပေါက်လာပြီးနောက် အင်တာနက်ကဖေးများ ဆက်လက်ပေါ်ပေါက်လာပြီး အင်တာနက် ISP ပိတ်ဆို့ထားသည့် ဆိုဒ်အရေအတွက် ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် မြန်မာ့ဆက်သွယ်ရေးထက် ပုဂံဆိုဒ်ဘာတက်သည် ပိတ်ဆို့မှု ပိုမိုများပြားကြောင်း အသုံးပြုသူများအကြား ရေပန်းစားခဲ့သည်။

ညစ်ညမ်းဆိုဒ်များ အားလုံးကို ပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေးဆိုဒ်များ ပိတ်ဆို့မှုများကို လိပ်စာတိုက်ရိုက် ပိတ်ဆို့မှုများဖြင့် စတင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အများအပြား ပြုလုပ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးက ရယူထားသည့် အင်တာနက် ကော်နက်ရှင် အသုံးပြုသူများအနေဖြင့် ပုဂံဆိုက်ဘာတက်က ပိတ်ဆို့ထားသည့် ဆိုဒ်များကို အသုံးပြုနေနိုင်သည်ကို တွေ့ရသည်။ ပုဂံဆိုက်ဘာတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးသို့ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း မပြုမီကာလအတွင်း အင်တာနက်ဆိုင်များ လိုက်နာရမည့် စည်းကမ်းများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်က ချမှတ်ပေးခဲ့ပြီး လိုက်နာရန် ခက်ခဲသည့် အငြင်းပွားဖွယ် စည်းကမ်းချက် ၂ဝ ကျော်ကို ချမှတ်ထားပေးပြီး အများပြည်သူသုံး သတင်းအချက်အလက် စင်တာ (PAC) လိုင်စင်များကို မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်နှင့် မြန်မာအင်ဖိုတက်တို့က ထုတ်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကြောင့် အင်တာနက်ဆိုင်ရာ တားဆီးပိတ်ဆို့မှုများကို ပိုမိုလုပ်ဆောင်လာပြီး ပုဂံဆိုက်ဘာတက် (မြန်မာတယ်လီပို့) က Blogger.com ကို ဆက်လက်ပိတ်ဆို့ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်ဆို့မှုမရှိဘဲ ၁ နှစ်နီးပါးခန့်အထိ ဖွင့်ပေးထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အင်တာနက်ပိတ်ဆို့မှုများသည် အစိုးရပေါ်လစီ အစစ်အမှန် ဖြစ်မဖြစ် စဉ်းစားစရာ အချက်အလက်တခု ဖြစ်လာခဲ့သည်။

ထိုသို့ အင်တာနက် ပိတ်ဆို့မှုများအပြင် ဒေတာ အချက်အလက်များကို စောင့်ကြည့်အကဲဖြတ်မှုများ လုပ်ဆောင်သည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂံ (မြန်မာတယ်လီပို့) တို့ကို အသုံးပြုသူများက ယုံကြည်နေကြသဖြင့် အသုံးပြုသူများဘက်ကပါ အင်တာနက် အသုံးပြုခြင်းဆိုင်ရာ လုံခြုံရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပိုမိုဂရုပြု လုပ်ဆောင်လာကြသည်။ ၂၀၀၉ ခုနှစ်အတွင်းမှာ အလွတ်သဘော စစ်တမ်းများအရ အသုံးပြုသူ ၆၅ % ဟာ မိမိ အသုံးပြုခဲ့သည့် ဒေတာလမ်းကြောင်းများကို ပြန်လည်ဖျက်ဆီးခြင်းနှင့် IP address များကို ဖော်ပြခြင်း မပြုနိုင်အောင် ပြုလုပ်ထားသည့် နည်းပညာအသုံးပြု ပရိုဂရမ်များကို နားလည်အသုံးပြုလာကြသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့်ရော ပုဂံ (မြန်မာတယ်လီပို့) အနေဖြင့်ပါ ရန်ကုန်ရှိ ဟံသာဝတီ ဂိတ်ဝေးမှတဆင့် အင်တာနက် အဝင်အထွက်များကို ဖြတ်သန်းစေခဲ့ပြီး ပုဂံ (မြန်မာတယ်လီပို့) သီးသန့်အနေဖြင့်လည်း မြန်မာ အင်ဖိုတက်ဝင်းအနီးရှိ ရုံးချုပ်မှတဆင့် အင်တာနက် လုံခြုံရေးနှင့် ထပ်ဆင့်ပိတ်ဆို့မှုများ၊ mirror server နှင့် firewall server များကို တိုးတက်သည်ထက် တိုးတက်အောင် ပြုပြင်ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားမှ နည်းပညာရှင်များကို အချိန်ပိုင်း ငှားရမ်းလုပ်ဆောင်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် တရုတ်ပညာရှင်အချို့ကိုပါ ခေါ်ယူအသုံးပြုခဲ့သည်ဟု ဆိုပါသည်။ လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးအောက်ကို လုံးလုံးလျားလျား ရောက်ရှိသွားသည့် ပုဂံ (မြန်မာတယ်လီပို့) ရုံးချုပ်အတွင်း နိုင်ငံခြားသား ဝန်ထမ်းများ ခန့်ထားမှုကို ဆောင်ရွက်ထားပြီး မကြာခင် ပြီးစီးတော့မည့် ရတနာပုံ တယ်လီပို့ရှိရာ ရတနာပုံ ဆိုက်ဘာစီးတီးအတွက် ပရောဂျက်များကို တရုတ်နှင့် ရုရှား ပညာရှင်များ ပူးတွဲလုပ်ဆောင်ထားကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း အစ္စရေး ပညာရှင်တချို့ဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးအတွင်း ထားရှိမည့် National Gateway အတွက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ရတနာပုံ တယ်လီပို့ရှိ တပ်ဆင်မှုများသည် ၁၀၀% နီးပါး ပြီးစီးနေပြီဖြစ်သည်။ မကြာခင် အချိန်အတွင်း ရတနာပုံ တယ်လီပို့မှနေပြီး တပြည်လုံးရှိ အင်တာနက် အဝင်အထွက်များကို ထိန်းထားမည်ဖြစ်ပြီး၊ မမြင်ရသေးသော ပိတ်ဆို့မှုနှင့် စောင့်ကြည့်မှုများ ဆက်လက်တိုးလက်လာဖွယ် ရှိနေသည်။

AddThis Social Bookmark Button

Email this post


RAM Price from Malaysia  

Wednesday, December 9, 2009

Kingston Notebook DDR I RAM 512MB 1GB
RAM DDR 266------------------------95 175
RAM DDR 333------------------------90 170
RAM DDR 400-----------------------171

Kingston Notebook DDRII RAM 512MB 1GB 2GB 4GB
RAM DDR 533 53 97 160
RAM DDR 667 34 78 149 530
RAM DDR 800 36 82 153
Corsair Gaming DDR800 145

Kingston Notebook DDRIII RAM 1GB 2GB 4GB
DDR1066 85 142
Corsair DDR1066 153

Desktop DDRI RAM (Kingston) 256MB 512MB 1GB
DDR 266(CL2.5) 65 95 145
DDR 333(CL2.5) 65 95 145
DDR 400(CL3.0) 48 60 109

Desktop DDRII RAM(Kingston) 512MB 1GB 2GB 4GB
DDR533(CL4.0) 53 93 160
DDR667(C:5.0) 34 78 149 525
DDR800(CL5.0) 36 82 153
Low Latency HyperX 150
Corsair Gaming DDR800 150
Mushkin DDR800 150

Desktop DDRIII(Kingston) 1GB 2GB 3GB 6GB
DDR1333(CL9.0) 80 142 215 355

Desktop SD RAM PC100/PC133 128MB 256MB 512MB
PC100 85 155 199
PC133( 4 & 8 Chips) 60 105
PC133(8 & 16 Chips) 80 155 190

Notebook SD RAM PC100/PC133 128MB 256MB 512MB
PC100 95 280
PC133 125 298

AddThis Social Bookmark Button

Email this post


RAM Price from Malaysia  

Kingston Notebook DDR I RAM 512MB 1GB
RAM DDR 266 95 175
RAM DDR 333 90 170
RAM DDR 400 171

Kingston Notebook DDRII RAM 512MB 1GB 2GB 4GB
RAM DDR 533 53 97 160
RAM DDR 667 34 78 149 530
RAM DDR 800 36 82 153
Corsair Gaming DDR800 145

Kingston Notebook DDRIII RAM 1GB 2GB 4GB
DDR1066 85 142
Corsair DDR1066 153

Desktop DDRI RAM (Kingston) 256MB 512MB 1GB
DDR 266(CL2.5) 65 95 145
DDR 333(CL2.5) 65 95 145
DDR 400(CL3.0) 48 60 109

Desktop DDRII RAM(Kingston) 512MB 1GB 2GB 4GB
DDR533(CL4.0) 53 93 160
DDR667(C:5.0) 34 78 149 525
DDR800(CL5.0) 36 82 153
Low Latency HyperX 150
Corsair Gaming DDR800 150
Mushkin DDR800 150

Desktop DDRIII(Kingston) 1GB 2GB 3GB 6GB
DDR1333(CL9.0) 80 142 215 355

Desktop SD RAM PC100/PC133 128MB 256MB 512MB
PC100 85 155 199
PC133( 4 & 8 Chips) 60 105
PC133(8 & 16 Chips) 80 155 190

Notebook SD RAM PC100/PC133 128MB 256MB 512MB
PC100 95 280
PC133 125 298

AddThis Social Bookmark Button

Email this post


မြန်မာငွေဈေးမာ၍ ICT ပြပွဲတွင် Notebook များဈေးနိမ့်ဖြင့် အပြိုင်ရောင်းချ  

Sunday, October 25, 2009


မြန်မာငွေဈေးမာနေချိန်ဖြစ်၍ မြန်မာ ICT ပြပွဲ ၂၀၀၉ သို့ဝင်ရောက်ပြသသော

Notebook များကို ဈေးအနိမ့်ဖြင့် အပြိုင်အဆိုင်ရောင်းချခဲ့ကြကြောင်း ယင်းပြပွဲတွင်

ဝင်ရောက်ပြသခဲ့သော ကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။ KMD Group က ဖြန့်ချီ

သည့် Prolink အမှတ်တံဆိပ် Netbook များကိုယင်းပြပွဲတွင်အနိမ့်ဆုံးရောင်းချသည့်

ဈေးနှုန်းမှာ ကျပ် ၂၉၉,၀၀၀ ဖြစ်ပြီး ဆိုင်အများစုတွင် ကျပ် ၃၂၀,၀၀၀ ဖြင့်ရောင်းချ

လျက်ရှိသည်ကို တွေ့ရသည်။ ယင်း Netbook ၏ မူလပုံမှန်ဈေးနှုန်းမှာဘက်ထရီပါ

ဝင်မှုပေါ်မူတည်၍ အမေရိကန် ဒေါ်လာ ၂၉၅ နှင့် ၃၁၀ ဟု နှစ်မျိုးရှိကြောင်း၊ ယခင်

အကြိမ်က ကျပ် ၃၃၀,၀၀၀ အထိသာဈေး လျှော့ခဲ့ကြောင်းအဆိုပါကုမ္ပဏီပြခန်ထံမှ

စုံစမ်းသိရှိရသည်။ အဆိုပါ Netbook သာမက Toshiba, ASUS, Acer, MSI,

Hasee, စသည့် Notebook များအားလုံးကို ယခုနှစ်အတွင်း အနိမ့်ဆုံးဟု ဆိုနိုင်

သည့် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း Notebook များ ဖြန့်ချီသည့် ကုမ္ပဏီများ

အားလုံးက တညီတညွတ်တည်း ပြောကြားသည်။ ယင်းသို့ Netbook များကို စံချိန်

တင်ဈေးနိမ့်ဖြင့် ရောင်းချနိုင်ခြင်းမှာ ပြပွဲချိန်နှင့်ငွေဈေးမာနေချိန်တိုက်ဆိုင်သွားခြင်း

ကြောင့်ဖြစ်ကြောင်း Netbook များ ဖြန့်ချီတင်သွင်းသည့် ကုမ္ပဏီကြီး တစ်ခု၏ တာ

ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ မြန်မာငွေကြေးနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း

မှာ တစ်ဒေါ်လာလျှင် ၁၀၈၀ နှုန်းဝန်းကျင်တွင် တည်ငြိမ်နေကြောင်း ၂၀၀၉ ခုနှစ်

အောက်တိုဘာလ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

AddThis Social Bookmark Button

Email this post


KINGSTON 1G DDR2 800MHz  

Monday, October 19, 2009






Desktop Top 5 SKUs

KVR800D2N6/2G 2GB 800MHz DDR2 Non-ECC CL6 DIMM
KVR667D2N5/1G 1GB 667MHz DDR2 Non-ECC CL5 DIMM
KVR800D2N6/1G 1GB 800MHz DDR2 Non-ECC CL6 DIMM
KVR667D2N5/2G 2GB 667MHz DDR2 Non-ECC CL5 DIMM
KVR400X64C3A/1G 1GB 400MHz DDR Non-ECC CL3 (3-3-3) DIMM

AddThis Social Bookmark Button

Email this post


Auto DC Power Regulated Adaptor  

Thursday, August 20, 2009



Monday, 21 July 2008
လျှပ်စစ်ပါဝါလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်တဲ့ GudLite ရဲ့ Inverter မော်ဒယ် အသစ်တစ်မျိုး ဈေးကွက်ထဲရောက်လာပါတယ်။ 48V ဖြစ်ပြီး 100 Ah ကနေ 200 အထိရှိတဲ့ဘက်ထရီလေးလုံးနဲ့ တပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။ Auto DC Power Regulated Adaptor

မီးအားအ၀င် 140V ကနေ 280V အထိအသုံးပြုနိုင်ပြီး အထွက်ကို တော့ 230V မှာ တည်ငြိမ်စွာ ထုတ်ပေးပါတယ်။ DC မီးမှာ 230V ထွက်ပေမယ့် AC လိုင်းမီးမှာတော့ မီးအ၀င်အတိုင်း ပြန်ထွက်ပါတယ်။ Charging Ampera က 10 ကနေ 15 အထိရှိပါတယ်။ တာမွေအ၀ိုင်းထိပ်နားက IEM ကုမ္ပဏီမှာရနိုင်ပြီး တစ်နှစ်အာမခံ ပေးထားကာ 2.5 EVA က ဒေါ်လာ 750 နဲ့ 3.5 KVA က ဒေါ်လာ 1000 တန်ဖိုး သတ်မှတ်ထားပါတယ်။

AddThis Social Bookmark Button

Email this post


ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအား အသုံးပြုနိုင်သည့် UPS Inverter ဈေးကွက်အတွင်းဝယ်ယူနိုင်ပြီ  



Friday, 03 July 2009
Inverter အသုံးပြုသူများအနေဖြင့် ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအားကို ကောင်းမွန်စွာအသုံးပြုနိုင်မည့် UPS Inverter တစ်မျိုးကို အီလက်ထရောနစ်ဈေးကွက်အတွင်း ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။
၎င်း UPS Inverter မှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် Inverter တစ်မျိုးဖြစ်ပြီး ဒီဇိုင်းအားဖြင့် ထူးခြားကာပေါ့ပါးကြောင်းသိရသည်။ ထူးခြားချက်အနေဖြင့် ၎င်း UPS Inverter မှာ Modified Sine Wave ထုတ်ပေးသည့်အတွက် ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအားကို ကောင်းမွန်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ UPS Inverter သည် Auto Inverter ဖြစ်သည့်အတွက် မီးလာသည့်အချိန်တွင် တိုက်ရိုက်အားသွင်းထား၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ 150 Ah ဘက်ထရီဖြင့်အသုံးပြုမည်ဆိုပါက ၅ နာရီကြာအသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒါကတော့ ရေခဲသေတ္တာနဲ့ ရေစုပ်စက်ငါးမူးအားကို ကောင်းကောင်းအသုံးပြုနိုင်မယ့် Inverter ပါ။ China Made ဖြစ်ပြီး ဒီဇိုင်းအနေနဲ့ ထူးခြားပြီးတော့ ပေါ့ပါးပါတယ်။ နောက်တစ်ခုကတော့ ဒီ Inverter ကို အလွယ်တကူ နံရံမှာ ကပ်ပြီး အသုံးပြုလို့ရတာပါပဲ။ နံရံမှာကပ်ပြီး အသုံးပြုနိုင်အောင်လည်း သူ့မှာ စကူပေါက်တွေ တစ်ခါတည်း ပါဝင်ပါတယ်။ ပေါ့ပါးတဲ့အတွက် အသုံးပြုတဲ့နေရာမှာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်” ဟု Grand Electronics မှ တာဝန် ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
ထို့ပြင် မီးအားသွင်းရာတွင်လည်း ၂၂၀ ဗို့ဖြင့် အမြဲအားသွင်းပေးသည့်အတွက် ဘက်ထရီအားသွင်းနေချိန်တွင်လည်း မီးအားအပြည့်အားသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်း UPS Inverter တွင် 600 Watt နှင့် 1200 Watt ဟူ၍နှစ်မျိုးရှိပြီး 600 Watt UPS Inverter တစ်လုံးလျှင် 65000 ကျပ်ဝန်းကျင်ဖြင့်လည်းကောင်း၊ 1200 Watt UPS Inverter တစ်လုံးလျှင် 125000 ကျပ် ၀န်း ကျင်ဖြင့်လည်းကောင်း Grand Electronics အမှတ်-၂၀၇/၂၀၉၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်တွင် ၀ယ်ယူရရှိနိုင်ကြောင်းသိရသည်။

AddThis Social Bookmark Button

Email this post


မီသိန်းဓာတ်ငွေ့မှ လျှပ်စစ်မီး ထုတ်ရန် စီစဉ်နေ  

Friday, April 10, 2009


မေကျော်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 21:46 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မုန်တိုင်းကြောင့် လုပ်ငန်းသုံး ကျွဲနွားများ ရှားနေသည့် နာဂစ်ဒဏ်သင့် ကျေးလက်များတွင် တိရစ္ဆာန် မစင်နှင့် စွန့်ပစ်အမှိုက် ရောစပ်ကာ လျှပ်စစ်မီး ထွန်းလင်းရေးအတွက် မြန်မာစစ်အစိုးရ စီစဉ်နေသည်။

စီမံကိန်းအတွက် ယခုလ ၆ ရက်နေ့က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ဦးဆောင်ပြီး၊ သစ်တော၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးများနှင့် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့ ကွင်းဆင်းဟောပြောခဲ့ကြောင်း ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းသင့်များအတွက် ကူညီနေသူများ အဆိုအရ သိရခြင်းဖြစ်သည်။

''ကျေးရွာတွေက အဓိက လျှပ်စစ်မီး အရမ်းလိုချင်ကြတယ်။ မဲဆွယ်တဲ့ သဘောများလားလို့တောင် ထင်ရတယ်။ နာဂစ်ကြောင့် နွားကဖြင့် မကျန်တော့ဘူးဗျ။ သူတို့က နွားချေးကနေ မီသိန်းထုတ်ပြီး မီးထွန်းဖို့ ပြောတယ်။ အံ့သြဖို့ ကောင်းတာက ဝန်ကြီးတွေကိုယ်တိုင် ရှင်းပြတာ'' ဟု ဘိုကလေးမြို့နယ်တွင် ကျင်းပသည့် သရုပ်ပြပွဲသို့ သွားရောက်ခဲ့သူ နာဂစ် ပြန်လည်ထူထောင်ရေး လုပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့ - NGO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ယခုလ ၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင်လည်း သစ်တောရေးရာဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ ဟိုတယ်/ခရီးသွား ဝန်ကြီး ဗိုလ်ချုပ်စိုးနိုင်၊ ပညာရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်မျိုးမင်းက နာဂစ်ဒဏ်သင့် ဘိုကလေးနှင့် ဖျာပုံမြို့နယ်များတွင် နွား၊ ဝက် အညစ်အကြေးများဖြင့် ဇီဝဘက်ထရီ ပြုလုပ်ပြီး မီးထွန်းနိုင်ပုံများကို ဒေသခံများသို့ သရုပ်ပြ ရှင်းလင်းခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့အပြင် အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကလည်း မန္တလေးတိုင်း တောင်သာမြို့နယ် ကျေးရွာများသို့ မတ်လ ၃ဝ ရက်နေ့က သွားရောက်၍ ဆားနှင့် နွားချေး ဆတူရောစပ်ကာ ဓာတ်ခဲဟောင်းများ အသုံးပြု၍ လျှပ်စစ်မီး ရရှိနိုင်မှုကို ယခုလအတွင်း ဟောပြောခဲ့ကြောင်း ဆိုထားပြန်သည်။

မီသိန်းနှင့် ပတ်သက်၍ လေထုအတွင်း မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှု၊ ဓာတ်ငွေ့မှ စွန့်ပစ် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်မှု မရှိလျှင် ဖြစ်ပေါ်လာမည့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် လူကို အန္တရာယ် ဖြစ်စေနိုင်မှုအတွက် စိုးရိမ်နေသူများလည်း ရှိသည်။

ယင်းအပြင် ဓာတ်ငွေ့ထုတ်ရန် ကုန်ကြမ်း မလုံလောက်မှုကြောင့် ကျေးရွာအတွက် ရေရှည် အသုံးတည့်ရေးအတွက်လည်း သူတို့က သံသယ ရှိနေသည်။

မြန်မာပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုမှ အမည်မဖော်လိုသူတဦးက ''မီသိန်းဓာတ်ငွေ့ ထုတ်ဖို့ဆိုရင် အဓိက ကုန်ကြမ်းဖြစ်တဲ့ တိရစ္ဆာန် အညစ်အကြေးနဲ့ စွန့်ပစ်ပစ္စည်း အလုံအလောက် ရှိရမယ်။ ဒေသခံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အသိအမြင် ကြွယ်ဝမှု ရှိရမယ်။ ဒါမှသာ ဘေးအန္တရာယ် ကင်းရှင်းလိမ့်မယ်။ ဒါ့အပြင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်မယ်'' ဟု ပြောသည်။

အခြားအဖွဲ့တခုမှ ခေါင်းဆောင်တဦးကလည်း ''မီသိန်းကနေ လျှပ်စစ်ထုတ်တာက လုပ်လို့တော့ ရပါတယ်။ ကောင်းကျိုးကတော့ ကျေးရွာတွေမှာ မီးထွန်းလို့ ရမယ်။ မီးသီးပဲ ထွန်းလို့ ရတာနော်။ ဆိုးကျိုးကတော့ ဒီဓာတ်ငွေ့က လေထုထဲကို ယိုစိမ့်ထွက်မယ် ဆိုရင်တော့ လူကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ နည်းလမ်းအသစ် မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ် လောက်ကတည်းက သုံးခဲ့ကြတာပါ'' ဟု ပြောသည်။

လေထုထဲ မီသိန်းဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ပြိုကွဲမည်ဖြစ်ရာ အဆိပ်သင့်ခြင်းကြောင့် ဦးနှောက်၊ အာရုံကြော၊ နှလုံးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

အိမ်ခြေ ၁ဝဝ ခန့် ရှိသည့် ကျေးရွာတရွာအတွက် မီသိန်း ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၅ဝ ခန့် ရှိပြီး၊ ဤသည်မှာ မီသိန်း ထုတ်ရန်အတွက် ကွန်ကရစ်ကန်နှင့် လျှပ်စစ်ထုတ်ရန် အင်ဂျင်ဝယ်ယူရမည့် ကုန်ကျစရိတ် ဖြစ်သည်။ တအိမ်အတွက်မူ ဝပ်အား ၄ဝ ရှိ မီးသီးတလုံး ထွန်းရန်အတွက်သာ လုံလောက်သည်ဟု သူတို့က ဆိုသည်။

နောက်ပိုင်းတွင် ဓာတ်ငွေ့ သိုလှောင်ကန်အတွက် အစဉ်သဖြင့် ထိန်းသိန်းခ ရှိသေးသည်ဟုလည်း ဆိုကြသည်။

နိုင်ငံတွင်း တည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများ ပြီးပါကလည်း လျှပ်စစ် ဖြန့်ဝေရန်အတွက် အဓိက လိုအပ်ချက်ဖြစ်သော လျှပ်စစ်လိုင်းများ သွယ်တန်းထားမှု မလုံလောက်သဖြင့် စစ်အစိုးရ အနေဖြင့် ကျေးရွာများသို့ လျှပ်စစ် ဖြန့်ဝေမည် မဟုတ်ကြောင်းလည်း သိရသည်။

သဘာဝဓာတ်ငွေ့ ကြွယ်ဝမှုအဆင့် ၁ဝ တွင် ရှိသော မြန်မာနိုင်ငံ၌ သဘာဝဓာတ်ငွေဖြင့် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားနှင့် ရေအားလျှပ်စစ်ကို အသုံးပြုမည်ဆိုလျှင်လည်း တနိုင်ငံလုံးတွင် လျှပ်စစ်ကြိုး သွယ်တန်းထားခြင်း မရှိသေးသည့်အတွက် ကျေးရွာများတွင် လျှပ်စစ်မီး ရရှိရန် အခွင့်အရေးက လွန်စွာ နည်းနေသေးကြောင်း မြန်မာနိုင်ငံတွင် တရားဝင် ဝင်ရောက်လုပ်ကိုင်နေသော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ - JICA ၏ စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ထားသော စစ်တမ်းတခုက ဆိုထားခြင်း ဖြစ်သည်။

ကျေးရွာပေါင်း ၆၅ဝဝဝ ခန့် မြန်မာနိုင်ငံတွင် ရှိနေသော်လည်း ယင်းတို့ထဲမှ ၇ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးကြိုး သွယ်တန်းထားကြောင်း JICA စစ်တမ်းက ဆိုသည်။

JICA သည် မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး ၊ ပညာရေး ကဏ္ဍများ အကူအညီပေးရေး ဆောင်ရွက်နေသည်။

စစ်အစိုးရ၏ ရေအားလျပ်စစ် စီမံကိန်းများ ဆက်တိုက် လုပ်နေသော်လည်း နိုင်ငံအတွက် မဟုတ်ကြောင်းနှင့် တိုင်းပြည်အတွက် ဆိုပါက လျှပ်စစ်စီမံကိန်းများ နည်းတူ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများပါ တပြိုင်တည်း လုပ်နေရမည်ဖြစ်ကြောင်း ပြည်တွင်းမှ နိုင်ငံတကာ စွမ်းအင်ဆိုင်ရာ အစည်းအဝေးများ တက်ရောက်နေသူ ပညာရှင်တဦးက ဆိုသည်။

ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ် အလုံအလောက်ပေးနိုင်ပါက ကျေးလက် လူနေမှု အဆင့်အတန်း တိုးတက်လာမည့်အပြင် ကျေးလက်များတွင် အစားအသောက် ချက်ပြုတ်ရန် သစ်တောမှ ထင်းခုတ်ယူမှု လျော့ကျသွားမည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ သစ်တောပြုန်းတီးမှုကိုလည်း လျှော့ချနိုင်မည်ဟု သူက ဆက်လက်သုံးသပ်သည်။

ကျေးလက်များတွင် လျှပ်စစ်မီးမပေးနိုင်ဘဲ ယခုကဲ့သို့ ကိုယ်ထူကိုယ်ထ ဇီဝလျှပ်စစ် ထုတ်လုပ်ရန် စစ်အစိုးရက လုပ်ဆောင်လာရခြင်းမှာ လျှပ်စစ်ပေးရန် မရှိမဖြစ် လိုအပ်သော လျှပ်စစ်လိုင်းများ သွယ်တန်းနိုင်ခြင်း မရှိသည့်အပြင် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ကိုလည်း ပြည်ပနိုင်ငံများသို့ ရောင်းချနေခြင်းကြောင့် ဖြစ်သည်ဟုလည်း သူက ဆိုသည်။

နိုင်ငံတကာတွင် မီသိန်းဓာတ်ငွေ့ အသုံးပြုမှုနှင် ပတ်သက်၍မူ - ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့တခု ဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင်အသင်းမှ တာဝန်ရှိသူက “တခြားနိုင်ငံတွေမှာ မီသိန်းကနေ လျှပ်စစ် ထုတ်တာတို့လို Renewable Energy (ပြန်ပြည့်မြဲ စွမ်းအင်) ကို သုတေသန လုပ်ကြတယ်။ ဒါက ဘာအတွက်လဲဆိုတော့ တကယ်လို့ သဘာဝ ဓာတ်ငွေ့ ကုန်တဲ့အချိန်မှာ သုံးဖို့။ ဂျပန်လည်း လုပ်တယ်။ ဒါပေမဲ့ သူတို့က နောက် အနှစ် ၁ဝဝ လောက်အတွက် ကြိုပြီး သုတေသန လုပ်ကြတာ’' ဟု မှတ်ချက်ပြု ပြောဆိုသည်။

နိုင်ငံအများစုတွင် ဇီဝဓာတ်ငွေ့ အသုံးပြု လျှပ်စစ် ထုတ်လုပ်ခြင်းကို ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် အရန်သဘော သုတေသနပြု လုပ်ဆောင်နေသော်လည်း ကျယ်ပြန့်စွာ သုံးစွဲခြင်း မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် အပါအဝင် သဘာဝဓာတ်ငွေ့ လုံလောက်သော်လည်း စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်သာ လျှပ်စစ်မီး ပုံမှန်ရရှိနေပြီး၊ စီးပွားရေး အချက်အချာကျသည့် မြို့တော်ဟောင်း ရန်ကုန်၊ စက်မှုဇုန်များနှင့် အခြားမြို့ကြီးများတွင်ပင် အချိန်ပိုင်းသာ ရရှိနေသည်။

ရန်ကုန်မြို့တော်ဝန်က ၂ဝဝ၉ ခုနှစ်တွင် ရန်ကုန်မြို့တော် ၂၄ နာရီ လျှပ်စစ်မီး ရရှိစေရမည်ဟု ပြည်တွင်း ဂျာနယ်များသို့ ကတိပြု ပြောကြားလိုက်သော်လည်း ရန်ကုန်တွင် လျှပ်စစ်ကို အချိန်ပိုင်းသာ ရရှိနေသေးသည်။

ရန်ကုန်အတွင်း မြို့နယ်များတွင် တရက်လျှင် ဂ နာရီခန့် ရရှိနေသော်လည်း ဆင်ခြေဖုံး မြို့နယ်များတွင်မူ မီးလာရက်ပင် ပုံမှန်မလာကြောင်း သိရသလို၊ ပြည်တွင်း ဂျာနယ်တစောင် အဆိုအရ မန္တလေးတွင် ည ၁၁ နာရီမှ နံနက် ၅ နာရီထိ လျှပ်စစ်မီး ပုံမှန်လာကြောင်း သိရသည်။

AddThis Social Bookmark Button

Email this post


စီးပွားရေးမြို့တော် ရန်ကုန်တွင် ခွဲတမ်းကျ လျှပ်စစ်မီးပင် ပုံမှန် မရတော့  

Saturday, March 7, 2009

သောကြာနေ့၊ မတ်လ 06 2009 15:27 - မြန်မာစံတော်ချိန်


ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြို့နယ်အလိုက် နေ့စဉ်အလှည့်ကျ လျှပ်စစ်မီးပေးသည့် စနစ်မှာ ပြီးခဲ့သည့် လလယ်မှ စတင်ကာ အချိန်ထက်ဝက်ချိုးမက လျှော့ကျသွားသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလလယ်မှ စ၍ ပုံမှန်ဆိုသလို မြို့နယ်အလိုက် တနေ့ ၆ နာရီ၊ ၁၂ နာရီ၊ ၁၈ နာရီ ခွဲတမ်း ရခဲ့ရာမှ ပြီးခဲ့သည့် လလယ်မှ စတင်ကာ မြို့တွင်းမြို့နယ်များတွင် တနေ့ ၆ နာရီခန့်နှင့် ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဒေါပုံ၊ သာကေတ၊ အင်းစိန်၊ တောင်နှင့် မြောက် ဥက္ကလာပ ဆင်ခြေဖုံး မြို့နယ်များတွင် တနေ့လျှင် ၃ နာရီခန့်သာ ရတော့သည်။

ထို့အပြင် ယခင်နှစ်များက မြို့တွင်းမြို့နယ်များဖြစ်သည့် လမ်းမတော်၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင်၊ ဗိုလ်တထောင်နှင့် ဆေးရုံကြီးများ၊ ရှော့ပင်စင်တာများ၊ အစိုးရရုံးများသည် တနေ့တွင် ၂၄ နာရီပတ်လုံး လျှပ်စစ်မီး ရခဲ့သော်လည်း အခုအခါ သူတို့လည်း အလှည့်ကျစနစ် ဖြစ်သွားသည်။

ဤသည်မှာ နိုဝင်ဘာလဆန်းပိုင်းက တနင်္သာရီတိုင်းရှိ ဂတ်စ်ပိုက်လိုင်းများ ပေါက်ကွဲခဲ့သဖြင့် ဖြစ်ရသည်ဟု ရန်ကုန် သတင်းရပ်ကွက်များအကြား ပြောဆိုနေသည်။

ယခုအခါ စီးပွားရေးလုပ်ငန်း အများစုရှိသည့် ရန်ကုန်မြို့လယ်၌ တနေ့လုံး မီးစက်သံ တညံညံ ဖြစ်နေသည်။

လောင်စာဆီ ကုန်ကျမှုမှာ တပိုင်တနိုင် မိတ္တုကူးဆိုင်၊ ဓာတ်ပုံဆိုင်များပင်လျှင် တနေ့လျှင် ဓာတ်ဆီ တဂါလံခန့် ကုန်ကျပြီး၊ ရှော့ပင်စင်တာကြီးများ၊ ဟိုတယ်ကြီးများ၊ ဆေးရုံကြီးများဆိုလျှင် တနေ့ကို တပီပါ ၀န်းကျင်အထိ ကုန်ကျသည်။

အကျိုးဆက်အဖြစ် မီးစက်များက ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပမာဏသည် များပြားသဖြင့် ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု သတ်မှတ်စံနှုန်းပမာဏ 10 PM ထက် ကျော်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်၊ သစ်တော ဦးစီးဌာနနှင့် ဆေးသုတေသနက ပူးပေါင်းကောက်ယူသော စစ်တမ်းတွင် ဖော်ပြထားသည်။

ဆင်ခြေဖုံး မြို့နယ်များတွင် နေထိုင်သူများလည်း မီးလာချိန်၌ပင် စည်ပင်က လွှတ်ပေးသည့် ရေ မလာသဖြင့် မီးစက်ငှားပြီး ရေတင်ရသည်။ မီးစက်ငှားရမ်း ရေတင်ခမှာ ယခင်က တနာရီလျှင် ကျပ် ၉၀၀၀ နှင့် တသောင်းခန့် ရှိခဲ့သည်။

သို့သော် ယခုအခါတွင် လောင်စာဆီ ဈေးနှုန်းများ ကျနေသဖြင့် တနာရီလျှင် ကျပ် ၄၀၀၀ ခန့် ကုန်ကျသည်။

စာမေးပွဲ ဖြေဆိုကာလတွင် လျှပ်စစ်မီး ဆိုးရွားစွာ ပျက်နေသဖြင့် ကျောင်းသားများအဖို့ ညပိုင်းတွင် စာကျက်ရန် အခက်အခဲ ဖြစ်ရပြန်သည်။

လက်ရှိ လျှပ်စစ်မီး ပြတ်တောက်မှုကို ပိုမိုသိရှိရန်အတွက် ယခင်က ပြည်တွင်း သတင်းဂျာနယ်များကို ဖြေကြားလေ့ရှိသည့် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာ ဖြေဆိုခြင်း မရှိခဲ့ပါ။

တရားဝင် သတင်းထုတ်ပြန်သည့် လျှပ်စစ်ဓာတ်အား ပေးချိန်များကို မြို့နယ်အလိုက် ABC ဟူ၍ အုပ်စု ၃ စု သတ်မှတ်ရာ လျှပ်စစ်မီး ရရှိ၊ ပြတ်တောက်သည့် အချိန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ (မြို့နယ်အလိုက် ၃ ရက် အလှည့်ကျ ရရှိခြင်း ဖြစ်သည်။)

ပထမနေ့ - နံနက် ၅ နာရီမှ နေ့လည် ၁၁ နာရီအထိ လာ၊

နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ပျက်၊

ညနေ ၅ နာရီမှ နောက်တနေ့ နံနက် ၅ နာရီအထိ လာ၊

စုစုပေါင်း လျှပ်စစ်မီး ရရှိချိန် - ၁၈ နာရီ။

ဒုတိယနေ့ - နံနက် ၅ နာရီမှ ညနေ ၅ နာရီအထိ ပျက်၊

ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ လာ၊

ည ၁၁ နာရီမှ နောက်တနေ့ နံနက် ၅ နာရီအထိ ပျက်၊

စုစုပေါင်း လျှပ်စစ်မီး ရရှိချိန် - ၆ နာရီ။

တတိယနေ့ - မနက် ၅ နာရီမှ နေ့လည် ၁၁ နာရီအထိ လာ၊

နေ့လည် ၁၁ နာရီမှ ညနေ ၅ နာရီအထိ ပျက်၊

ညနေ ၅ နာရီမှ ည ၁၁ နာရီအထိ လာ၊

ည ၁၁ နာရီမှ နောက်တနေ့ နံနက် ၅ နာရီအထိ ပျက်၊

စုစုပေါင်း လျှပ်စစ်မီး ရရှိချိန် - ၁၂ နာရီ။


သို့သော် နေ့လည်ပိုင်း အသုံးများသည့် မြို့တွင်းမြို့နယ်များတွင် နေ့လည် မီးလာရမည့် အချိန် ပုံမှန်မလာဘဲ၊ ညနေမှသာ လာလေ့ရှိသည်။

နေ့လည်ပိုင်း အသုံးနည်းသည့် ဆင်ခြေဖုံးမြို့နယ်များတွင်မူ နေ့လည်ခင်း မီး ပုံမှန်လာပြီး၊ ညနေပိုင်း လာရမည့် အချိန်၌ ပျက်နေတတ်သည်။

AddThis Social Bookmark Button

Email this post


မြန်မာနိုင်ငံတွင် အင်တာနက် အမြန်နှုန်း အဆ ၂၀ အထိ တိုးမြှင့်ပေးမည်ဟုဆို  

Monday, February 23, 2009



မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသည့် အင်တာနက် အမြန်နှုန်းမှာ နှေးကွေးနေသည့်အတွက် လာမည့် မေလတွင် အဆ ၂၀ အထိ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားခဲ့သည်ဟု အပတ်စဉ်ထုတ် ပြည်တွင်းစာစောင် တစ်ခုဖြစ်သည့် The Voice Weekly တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့ Myanmar Info-Tech တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာ ကော်ပိုရေးရှင်း လီမိတက်၏ နှစ်ပတ်လည် အစည်းအဝေးတွင် ၎င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ယခုအခါ Fiber Optic Cables များ လွှမ်းခြုံထားပြီး ဖြစ်သည့်အတွက် အင်တာနက် အမြန်နှုန်းအား လက်ရှိ အသုံးပြုနေသည့် 512MB မှ 10 GB အထိ ၂၀၀၉ ခုနှစ် မေလတွင် တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဆက်လက် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အင်တာနက်၊ အီးမေးလ်စနစ်ကို ၂၀၀၁ ခုနှစ်တွင် စတင်အသုံးပြုခဲ့ကာ ထိုနှစ်တွင်ပင် Bagan Cybertech (ယခု Myanmar Teleport) ကုမ္ပဏီကို ဖွဲ့စည်းတည်ထောင်ကာ အများပြည်သူတို့ အသုံးပြုနိုင်ရန် အင်တာနက် စနစ်ကို ရောင်းချ၍ ၀န်ဆောင်မှု ပေးခဲ့သည်ဟု သိရသည်။

Source: The Voice Weekly
Photo: www.myanmar.gov.mm

AddThis Social Bookmark Button

Email this post


သတင်း  

Wednesday, February 18, 2009

AddThis Social Bookmark Button

Email this post


အကြံပေးစာ  

Wednesday, January 21, 2009

အကို

အင်တာနက်ဆိုင်ဖွင့်မယ်ဆိုရင် အဓိက က မီးမှန်တဲ့နေရာကို ဦးစားပေးပြီးရှာရမယ်.. သိလားအကို .. မီးမမှန်ရင် လုံးဝမကိုက်ဘူး...အခုဆို အင်တာနက်ဆိုင်တော်တော်များများက ဂိန်းကိုပါတွဲဖွင့်ကြတယ်.... အဲဒါလည်းကောင်းတော့ကောင်းတယ် သိလား... ပြီးတော့ degradation ကလည်းအရေးကြီးတယ်.. သိလား အကိုဖွင့်ချင်တယ်ဆို သေချာလဲစဉ်းစားပါဦး ဘာလို့လဲဆိုတော့.. အခု ဒီမှာက အင်တာနက်ဆိုင်တွေက ဖွင့်တာတော်တော်များကြတယ်... အခုဆိုရင် ညီမတို့ဆိုင်နားက ဆိုင်တွေက တစ်နာရီကို 200 ယူကြတယ်အကို...အခုလောလောဆယ် ညီမတို့ဆိုင်မှာတော့.. တစ်နာရီကို 300 ယူထားတယ်..အကို ...သေချာစဉ်းစားပေါ့.....

AddThis Social Bookmark Button

Email this post


Computer Price..  

Sunday, January 4, 2009

Motherboard 775.ECS =56,000 Kyats.
Hard Disk 160G =52,000 Kyats.
80G =48,000 Kyats.
Memory 1G = 12,000 Kyats.
CPU 3.0 =55,000 Kyats.
Casing =12,000 Kyats.
Key, mouse =7,000 Kyats.
Head Phone =8,000 .. 12,000 Kyats..

LCD (acer)17" =135,000 Kyats.
Graphis Card 512 RX 1550=34,000 Kyats.

AddThis Social Bookmark Button

Email this post


မီးစက်ဖြင့်သုံးပါက အင်တာနက် တစ်နာရီ ၁၂၀၀ ကျပ်  

Tuesday, December 23, 2008


(21/12/2008)
၁၂၀၀ ကျပ်ကျ သင့်မည်ဖြစ်ကြောင်းအသိပေး ထားသည့်အင်တာနက်ကဖီးဆိုင်
မြန်မာပြည်တွင်းရှိ အင်တာနက် ကဖီးဆိုင်များတွင်သုံးသူများအတွက်
မီးမလာလျှင် မီးစက်ဖြင့်သုံးမည်ဆိုပါက တစ်နာရီ ၁၂၀၀ ကျပ်ကျ
သင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို.ဆိပ်ကမ်းသာလမ်းရှိ အင်တာနက် ကဖီး
ဆိုင်ပိုင်ရှင်တစ်ဦးက Freedom News Group သို့ပြောပြသည်၊၊အလှည်.
ကျမီးပေးစနစ်ဖြင်.ပေးနေရသည့်ရန်ကုန်မြို့တွင် အချို့နေရာများဉ်တစ်နေ့
လျှင်ငါးနာရီခန့်သာ မီးလာသည်ဟုဆိုသည်၊၊မီးပုံမှန်မလာသောကြောင့်ပုံနှိပ်
စက်ကွန်ပြူတာစာစီစာရိုက်အစရှိသည့်လျှပ်စစ်အသုံးပြုရ်ူလုပ်ရသောလုပ်ငန်း
များမှာကုန်ကျစရိတ်ဈေးနှုန်းများမြင့်တက်ကုန်ကျသည်၊၊ freedom News Group (ရန်ကုန်)

AddThis Social Bookmark Button

Email this post


လုပ်ငန်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ(စက်ပစ္စည်းအပိုင်း)  

Monday, December 22, 2008

(ခန့်မှန်းခြေ)
Server 1 Unit - 10 K ( Linux System )
PC 1 Unit - 4 K (20 Units - 80 K)
Generator - 10 K
UPS - 0.3 K (20 Units - 6 K)
စုစုပေါင်း - (106 K)

AddThis Social Bookmark Button

Email this post


လုပ်ငန်းပိုင်းဆိုင်ရာ ကုန်ကျစရိတ်များ(အစိုးရအပိုင်း)  

WIMAX လိုင်းဖွင့်ရန် - ၁၅ဝဝ FEC ( 1FEC = ၁၁၆၅ ကျပ် )( ၁၇,၄၇၅ဝဝ ကျပ် )
ADSL လိုင်းဖွင့်ရန် - ၁ဝဝဝ FEC ( 1FEC = ၁၁၆၅ ကျပ် )( ၁၁,၆၅ဝဝဝ ကျပ် )
512MB တစ်လလိုင်းကြေး - 125FEC ( ၁,၄၅၆၂၅ ကျပ် )
256MB တစ်လလိုင်းကြေး - 70FEC ( ၈၁၅၅ဝ ကျပ် )
လုပ်ငန်းလိုင်စင်ကြေး - ၈,ဝဝဝဝဝ ကျပ်(PAC-Public Access Center)
လုပ်ငန်းလစဉ်ကြေး - ၅ဝဝဝဝ ကျပ်
စုစုပေါင်း - ၁၈,၆ဝ၆၂၅ ကျပ် ( 512MB )(19 K)

AddThis Social Bookmark Button

Email this post


ယနေ့ဈေးနှုန်းများ  

Monday, December 15, 2008

မိတ္တူ လေဆာတစ်မျက်နှာ - ၁ဝဝ ကျပ်
ကာလာမိတ္တူ တစ်မျက်နှာ - ၂၅ဝ ကျပ်(ဓါတ်ပုံ-၄လက်မ၊၆လက်မ)
CD ကူးခ - ၂ဝဝကျပ်(အခွေမပါ)
CD ကူးခ - ၄ဝဝကျပ်(အခွေပါ)
Scan ကူးခ - ၁ဝဝကျပ်၊
အင်တာနက်အသုံးပြုခ - ၄၅ဝကျပ်၊

AddThis Social Bookmark Button

Email this post


Internet Cafe  

Wednesday, December 10, 2008

The first Internet cafe in the U.S. Founded in 1995 in New York, the menu is a selection of fine coffees and desserts along with Internet, e-mail, printing, scanning and faxing services. Hats, shirts and jackets are also available for purchase. For a list of Internet cafes around the world, visit www.cybercafe.com.

AddThis Social Bookmark Button

Email this post


Cyber Cafe ( Design )  



AddThis Social Bookmark Button

Email this post


Cyber Cafe ( Chairs )  




AddThis Social Bookmark Button

Email this post


 

Design by Amanda @ Blogger Buster