ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအား အသုံးပြုနိုင်သည့် UPS Inverter ဈေးကွက်အတွင်းဝယ်ယူနိုင်ပြီ  

Thursday, August 20, 2009



Friday, 03 July 2009
Inverter အသုံးပြုသူများအနေဖြင့် ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအားကို ကောင်းမွန်စွာအသုံးပြုနိုင်မည့် UPS Inverter တစ်မျိုးကို အီလက်ထရောနစ်ဈေးကွက်အတွင်း ၀ယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။
၎င်း UPS Inverter မှာ တရုတ်နိုင်ငံမှထုတ်လုပ်သည့် Inverter တစ်မျိုးဖြစ်ပြီး ဒီဇိုင်းအားဖြင့် ထူးခြားကာပေါ့ပါးကြောင်းသိရသည်။ ထူးခြားချက်အနေဖြင့် ၎င်း UPS Inverter မှာ Modified Sine Wave ထုတ်ပေးသည့်အတွက် ရေခဲသေတ္တာနှင့် ရေစုပ်စက်ငါးမူးအားကို ကောင်းမွန်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ UPS Inverter သည် Auto Inverter ဖြစ်သည့်အတွက် မီးလာသည့်အချိန်တွင် တိုက်ရိုက်အားသွင်းထား၍ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ 150 Ah ဘက်ထရီဖြင့်အသုံးပြုမည်ဆိုပါက ၅ နာရီကြာအသုံးပြု နိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒါကတော့ ရေခဲသေတ္တာနဲ့ ရေစုပ်စက်ငါးမူးအားကို ကောင်းကောင်းအသုံးပြုနိုင်မယ့် Inverter ပါ။ China Made ဖြစ်ပြီး ဒီဇိုင်းအနေနဲ့ ထူးခြားပြီးတော့ ပေါ့ပါးပါတယ်။ နောက်တစ်ခုကတော့ ဒီ Inverter ကို အလွယ်တကူ နံရံမှာ ကပ်ပြီး အသုံးပြုလို့ရတာပါပဲ။ နံရံမှာကပ်ပြီး အသုံးပြုနိုင်အောင်လည်း သူ့မှာ စကူပေါက်တွေ တစ်ခါတည်း ပါဝင်ပါတယ်။ ပေါ့ပါးတဲ့အတွက် အသုံးပြုတဲ့နေရာမှာလည်း အဆင်ပြေစေမှာဖြစ်ပါတယ်” ဟု Grand Electronics မှ တာဝန် ရှိသူတစ်ဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။
ထို့ပြင် မီးအားသွင်းရာတွင်လည်း ၂၂၀ ဗို့ဖြင့် အမြဲအားသွင်းပေးသည့်အတွက် ဘက်ထရီအားသွင်းနေချိန်တွင်လည်း မီးအားအပြည့်အားသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်း UPS Inverter တွင် 600 Watt နှင့် 1200 Watt ဟူ၍နှစ်မျိုးရှိပြီး 600 Watt UPS Inverter တစ်လုံးလျှင် 65000 ကျပ်ဝန်းကျင်ဖြင့်လည်းကောင်း၊ 1200 Watt UPS Inverter တစ်လုံးလျှင် 125000 ကျပ် ၀န်း ကျင်ဖြင့်လည်းကောင်း Grand Electronics အမှတ်-၂၀၇/၂၀၉၊ ဗိုလ်ဆွန်ပက်လမ်း (အလယ်)၊ ပန်းဘဲတန်းမြို့နယ်တွင် ၀ယ်ယူရရှိနိုင်ကြောင်းသိရသည်။

AddThis Social Bookmark Button

Email this post


 

Design by Amanda @ Blogger Buster